Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများနှင့် ပြည်ပမှကုန်စည်တင်သွင်း ဖြန့်ဖြူးသည့်လုပ်ငန်းများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ်(Pre Market Surveillance ) စစ်ဆေးဆောင်ရွက်ရ မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်း များအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း  ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၅)ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အချက်များနှင့်ကိုက်ညီမှု ရှိ / မရှိစောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း (၅)ခုစစ်‌ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့်လုပ်ငန်း (၅)ခုသည် ညွှန်ကြားချက်နှင့်အညီ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိကြောင်းသိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် စားသုံးသူများ ဝယ်ယူအသုံးပြုသည့် ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများ အပြည့်အဝရရှိနိုင် စေရေး၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို စားသုံးသူ များ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏ လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)