
ဗီယက်နမ်သည် ကမ္ဘာ့ဟာလာဈေးကွက်သို့ဝင်ရောက်ရန် မဟာဗျူဟာမြောက်ဂိတ်တံခါး တစ်ခုဟု ရှုမြင်ထားသည့် မလေးရှားမှတစ်ဆင့် ဟာလာဈေးကွက်များသို့တင်ပို့မှုအရှိန်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သည့် စီးပွားရေးဖိုရမ်တွင်ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့် မလေးရှားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ မလေးရှား၏စားသုံးမှုအလေ့အထသည် ဗီယက်နမ် နှင့် နီးစပ်ပြီး အာဆီယံနှင့် CPTPP သဘောတူညီချက်များအောက်တွင် ကုန်သွယ်ရေးအတား အဆီးများနည်းပါးမှုကြောင့် ကြီးထွားရန်အတွက် သိသာထင်ရှားသောအခန်း ကဏ္ဍရှိနေကြောင်း တာဝန်ရှိသူများက ရှုမြင်ကြပါသည်။ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာဟာလာဈေးကွက်သည် အမေရိကန်ဒေါ်လာ ၅ ထရီလီယံထိရောက်ရှိပြီး မလေးရှား၏ ဝေစုမှာ အမေရိကန်ဒေါ်လာ ၁၁၃.၂ ဘီလီယံ ရှိရန်ခန့်မှန်းရကြောင်း သိရပါသည်။ မလေးရှားကုန်သွယ်မှုမြင့်တင်ရေးအေဂျင်စီ က ၎င်းတို့၏အဆင့်မြင့်စီးပွားရေးဝန်းကျင်ကို အသားပေးပြောကြားခဲ့ပြီး ဗီယက်နမ်လုပ်ငန်းများ အား၎င်းတို့၏ ကုန်သွယ်ရေးမိတ်ဖက် ၂၀၀ ကျော်ရှိသည့်ကွန်ယက်ကို ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ ကြောင်း သိရပါသည်။ အစိုးရမဟာဗျူဟာပံ့ပိုးမှုဖြင့် ဗီယက်နမ်ဟာလာလုပ်ငန်းနယ်ပယ်သည် ၂၀၃၀ ခုနှစ်တွင် ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာဟာလာအချက်အချာဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်အား အဓိကဟာလာအသိ အမှတ်ပြုသူများနှင့် အပြန်အလှန်အသိအမှတ်ပြုသဘောတူညီချက်များရယူရန်နှင့် ဟာလာစက်မှု ဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာများတည်ထောင်ကာ ဗီယက်နမ်ဟာလာအသိ အမှတ်ပြုအမှတ်တံဆိပ်များတည်ထောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ လူသားအရင်း အမြစ်လေ့ကျင့်ရေးနှင့် တက္ကသိုလ်-စက်မှုလုပ်ငန်း အားကောင်းသောချိတ်ဆက်မှုကိုလည်း အသားပေးရမည်ဟု သိရပါသည်။ Maybank မလေးရှား၏ ဟာလာထုတ်ကုန်ညွှန်ကြားရေးမှူး Shariza Abdul Rasheed က ဗီယက်နမ်၏ဟာလာအသိအမှတ်ပြုအေဂျင်စီကို မလေးရှား အစ္စလာမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာကအသိအမှတ်ပြုသည့်အတွက် မလေးရှား၏ဖြန့်ဖြူးမှုစနစ် သို့ ဝင်ရောက်ရန် လွယ်ကူစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများကိုလည်း အဓိကဟာလာကုန်သွယ်ရေးပွဲအခမ်းအနားများသို့ပူးပေါင်းရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ မလေးရှား၏ Salaam Market နှင့် စီးပွားရေးချိတ်ဆက်မှုပရိုဂရမ်များ အစရှိသည့် e-commerce ပလက်ဖောင်းများသည်လည်း ဗီယက်နမ်ထုတ်လုပ်သူများကို မလေးရှားမိတ်ဖက်များနှင့် ချိတ်ဆက်ကာ ၂၀၃၀ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးရည်မှန်းချက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရရှိရန် ကူညီပေးနိုင်မည်ဟု သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)