
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ် ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်း များသည် မိုင်းအင်ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်အား စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန် စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချရန်နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)