
၂-၉-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး တို့သည် မအူပင်ခရီုင်ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းကျွမ်းကျင် မှုဆိုင်ရာ လုပ်ငန်းများ တက်မြောက်စေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ဌာနခွဲများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို စစ်ဆေးဆောင် ရွက်လျက်ရှိသည်။
မအူပင်ခရိုင်ဝန်ထမ်းများ ရုံးလုပ်ငန်းများ ကျွမ်းကျင်စေရန် ဌာန၏ လမ်းညွှန်ချက်များကို ဖတ်ကြား ရှင်းလင်းခြင်း၊ ရုံးစာရေးသားရာတွင် စနစ်တကျမှန်ကန်စေရေးကို စစ်ဆေး ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာ သတင်းအချက်အလက်များ ကျိုးပေါက်မှု မရှိစေရေးအတွက် ဆောင်ရွက်စေခြင်း၊ နိုင်ငံဝန်ထမ်းများသည် ပေးအပ်သည့် တာဝန်များကို ကျေပျွန်စွာ ထမ်းဆောင်နိုင်ကြရန်၊ အထက်အကြီးအကဲ ဌာနအချင်းချင်း စည်းလုံးမှ လက်အောက် ဝန်ထမ်းများ စိတ်ပျော်ရွှင်စွာ လုပ်ငန်းခွင်ပျော်ရွှင်စေရေး ပေါင်းစပ်ညှိနိူင်းဆောင်ရွက်ခြင်း များကို အသိပညာပေးခြင်းနှင့ လုပ်ငန်းခွင် စစ်ဆေးဆောင်ရွက်ခြင်းများ အပတ်စဉ် လုပ်ဆောင်ချက်များကို ရက်အလိုက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန် ရုံးသန့်ရှင်းရေးကို သတ်မှတ်ရက်အတွင်းလုပ်ဆောင်ရန် စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)