Main menu

ဟင်္သာတမြို့နယ် စားသုံးဆီလက်လီ/လက်ကားကုန်မျိုးစုံဆိုင်များမှတဆင့်ပြည်သူထံသို့စားအုန်းဆီ ဖြန့်ဖြူးနေမှုအပေါ်ဆီဝယ်ယူခွင့်စာအုပ်များနှင့်ရောင်းချမှုရှိစေရေး အသိပညာပေးဟောပြော

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊   ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကုန်စုံဆိုင် လုပ်ငန်းရှင်(၈၀)ဦးအား  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဟင်္သာတမြို့နယ်အတွင်း ကုမ္ပဏီများမှ လက်လီ/လက်ကားကုန်မျိုးစုံဆိုင်များ၊ ၎င်းကုန်စုံဆိုင်များမှတဆင့် ပြည်သူထံသို့စားအုန်းဆီဖြန့်ဖြူး နေမှုအပေါ်ဆီဝယ်ယူခွင့်စာအုပ်များနှင့်ရောင်းချမှုရှိစေရေး၊သတ်မှတ်ရည်ညွှန်းစျေးအပေါ်၂%အမြတ်နှင့်သယ်ယူစရိတ်ပေါင်းရောင်းချမှုရှိစေရေး၊ဆီထုတ်ပေးသည့်အကြိမ်တိုင်း ခွဲတမ်းရရှိသည့် ဆီအရေ အတွက်အတိုင်း ပြည်သူကို အပြည့်အဝရောင်းချမှုရှိစေရေး စသည်တို့ကို ဆောင်ရွက်သွားရန် နှင့်မသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုများမဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခြင်း၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ အနေဖြင့် မိမိတို့ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီ ဖြန့်ဖြူးရောင်းချ နေမှုအပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)