Main menu

ဟင်္သာတမြို့နယ် ကျုံတုံးတိုက်နယ်ရှိ ခွဲတမ်းရ စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁.၉.၂၀၂၅)ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ကျုံတုံးတိုက်နယ်ရှိ ကျေးလက်ပြည်သူများထံ ဆီဝယ်ယူ ခွင့် စာအုပ်များဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍  ဟင်္သာတခရိုင် စားသုံး ဆီလက်ကားကိုယ်စားလှယ်များမှတဆင့် ကျေးရွာလက်လီကုန်စုံဆိုင်၊ ထိုမှတဆင့်စားသုံးသူသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချနေမှုအား  ဟင်္သာတခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူများနှင့် မြိုနယ်စားသုံးသူဦးစီးမှုးတို့ပူးပေါင်း၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိ ခြင်း စစ်ဆေးခဲ့ပြီး၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှု မရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း ၊ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ပြည်သူများထံ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA( ဧရာဝတီ)