Main menu

စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဝါးတန်းကုန်စည်ဒိုင်အတွင်း ဆန်ရောင်းချပေးနေ

Powered by Drupal

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်)တို့မှ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) အတွင်းတွင် (၃.၈.၂၀၂၂) ရက်နေ့မှ (၁၃.၉.၂၀၂၂)ရက်နေ့ထိ ရွှေဘိုပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၇၅၀၀၀/- မှ ၇၇၀၀၀/- ကျပ်နှုန်းဖြင့် (၄၃၃၀)အိတ်၊ ကြားပျံ(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၅၀၀၀/- မှ ၆၀၀၀/- ကျပ်နှုန်းဖြင့် (၃၇၈၈)အိတ်၊ ဧရာဝတီ ပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၂၀၀၀/- မှ ၅၅၀၀၀/- ကျပ်နှုန်းဖြင့် (၂၆၉၇၈)အိတ်၊ ရက်-၉၀ (ရှယ်) (၁၀၈)ပေါင် တစ်အိတ် လျှင် ၃၅၀၀၀/- မှ ၃၇၀၀၀/- ကျပ်နှုန်းဖြင့် (၄၄၂၉)အိတ် ဆန်အမျိုးအစားအလိုက် အိတ်ရေစုစုပေါင်း (၁၅၂၄၄)အိတ် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)