Main menu

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ ပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတက်ရောက်ခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ပြုလုပ်သော ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ပုသိမ်ခရိုင် ငပုတောမြို့နယ်မှ တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများ သည် (၃.၉.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် Zoom Meeting ဖြင့် ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောရာတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားပြီး ဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍လည်းကောင်း ဝန်ထမ်းတိုင်း ဝန်ထမ်းကျင်ဝတ်အပါး(၃၀) မြဲနေစေရန် လည်းကောင်းပြောကြားခဲ့ပါသည်။ ရုံးချုပ်စီမံရေးရာဌာနခွဲမှ ၈/၂၀၂၅၏အစည်းအဝေးတင်ပြချက်များအား ဖတ်ကြားပြီး ၉/၂၀၂၅၏ အစည်းအဝေးအကြိုတင်ပြချက်ကိုလည်း ဖတ်ကြားတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းနှင့်ပြည်နယ်များ ဖြစ်ကြသော ဦးစွာကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ နေပြည်တော် အစရှိသည့်တိုင်းနှင့်ပြည်နယ် အသီးသီးမှလိုအပ်သည်များကို ဆွေးနွေး တင်ပြခဲ့ကြပါသည်။  ဌာနခွဲခေါင်းဆောင်များအလိုက်ဆုံးဖြတ်ချက်များ အတည်ပြုဆောင်ရွက်ရမည့် လုပ်ဆောင် ချက်များကို မှတ်တမ်းတင်ဆောင်ရွက်ရန် ဌာနခွဲတာဝန်ခံများက တင်ပြလာသော ဆုံးဖြတ်ချက်များအား ပြန်လည်သုံးသပ်၍ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာကားပြောကြားကာ   နေပြည်တော်ရုံးချုပ်မှ ပြုလုပ် သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို နံနက် (၁၁:၅၀) အချိန်တွင်  ရုတ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)