Main menu

ဓနုဖြူ စက်သုံးဆီဆိုင်များအား ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် မြို့ပေါ်ရှိ စက်သုံးဆီများ ရောင်းချနေသော ဓါတ်ဆီဆိုင်များအား ၂-၉-၂၀၂၅ ရက်နေ့ နေ့လည် ၃နာရီအချိန်က  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထို့သို့ စစ်ဆေးရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊  မီးသတ်ဦးစီးဌာနမှ  တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်- ဟင်္သတ္တ ကားလမ်းဘေးရှိ DENCO  စက်သုံးဆီဆိုင်နှင့် ထွန်း စက်သုံးဆီဆိုင်၊ ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်များတို့တွင် စက်သုံးဆီရောင်းဝယ်မှုနှင့် ပတ်သတ်၍ မေးမြန်းခြင်း၊ စက်သုံးဆီ အရည်အသွေးပြည့်မီမှုရှိ မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချရာတွင် အချိန်တွယ်ပြည့်မပြည့် စစ်ဆေးခြင်း၊ ဆီနမူနာများ ရယူစစ်ဆေးပြီး မှတ်တမ်းဓာတ်ပုံရိုက်ခြင်း၊ မီးသတ်ဆေးဘူး ထားရှိမှုရှိ မရှိ၊ စက်သုံးဆီများအား ရောင်းဝယ်ရာတွင် စနစ်တကျ ဆီသိုလှောင်ကန်ထားမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)