Main menu

မအူပင်မြို့နယ် ငွေစိုးဆန်စက်အား မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုလုပ်ငန်းကြီးကြပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊တို့ပူးပေါင်း၍ မြို့နယ်အတွင်း ဆန်စက်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလိုင်စင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ၃-၉-၂၀၂၅  မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြို့နယ်အတွင်း အသုံးပြုလျက်ရှိ သည့် Gasifier ဆန်စက်များဖြစ်‌သော ၊ ငွေစိုးဆန်စက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆန်/စပါး ကြိတ်ခွဲ လည်ပတ်မှုအခြေအနေများကို စစ်ဆေးခြင်း၊ စပါး/ဆန်လက်ကျန်အခြေအနေများကို စစ်ဆေးခြင်း၊ သိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်မှုကို စစ်ဆေးခြင်း၊ သတ်တမ်းတိုးကာလပြည့်ပါက သက်တမ်းတိုး ဆောင်ရွက်ရန် မှာကြားပြီး Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အထူးအလေး ထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)