Main menu

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင်စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ် တာဝန်ခံရုံးတွင်  (၃၁.၈.၂၀၂၅) ရက်နေ့ ၊နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် စားအုန်းဆီ  လက်လီ ၊  လက်ကားရောင်းချနေသော ကိုယ်စားလှယ်များအား စားအုန်းဆီကြီးကြပ် ရောင်းချနိုင်ရေး (Software) စနစ်ဖြင့်အသုံးပြုနိုင်ရေးနှင့် စာရင်းထည့်သွင်းနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင် (၄၇)ဦးအား ညွှန်ကြားချက်နှင့်အညီ ရောင်းချနိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲတွင် အုတ်ဖိုမြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်မှ စားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆) မှန်ဖြင့်(၁) လက်လီလက်ကားစာရင်းမှန်၊ (၂) နေရာမှန်၊ (၃) အချိန်မှန်၊ (၄)ဈေးနှုန်းမှန်၊ (၅) အရေ အတွက်မှန်၊ (၆) အချိန်အတွယ်နှင့်အရည်အသွေးမှန်ရမည်ဖြစ်ကြောင်း၊ စနစ်တကျ ရောင်းချ စေရန်နှင့် Software စနစ်ဖြင့် အသုံးပြုဖြန့်ဖြူးနိုင်ရေး အားလုံးပူးပေါင်းပါဝင်ကြရန် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)