Main menu

ယခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၈.၂ သန်းကျော်ဖြတ်ရန်ခန့်မှန်းရသည့် ဗီယက်နမ်

Powered by Drupal

              လတ်တလောတွင် ဖိလစ်ပိုင်ထံမှဆန်တင်သွင်းမှုယာယီရပ်တန့်နေသော်လည်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် တောင်အာဖရိကအစရှိသည့်‌ဈေးကွက်များသို့ တင်ပို့မှုမြင့်တက်လာသောကြောင့် ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်သည်ဆန်တန်တင်ပို့မှု တန်ချိန် ၈.၂ သန်းကျော်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးမားဆုံးဆန်တင်သွင်းသူဖြစ်သည့် ဖိလစ်ပိုင်သည် ၂၀၂၄ ခုနှစ် က ဆန်တန်ချိန် ၄.၈ သန်းတင်သွင်းခဲ့ပြီး ဗီယက်နမ်ထံမှဆန်တန်ချိန် ၃.၆ သန်းတင်သွင်းခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၅.၅ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈၁ ဘီလီယံရရှိခဲ့ပြီး ဖိလစ်ပိုင်ကအကြီးမားဆုံး ဝယ်ယူသူဖြစ်ကြောင်း သိရပါသည်။ သို့သော်ဝင်ငွေရရှိမှုမှာ ၂၀၂၄ ခုနှစ် ပထမ ၇ လတာကာလ နှင့်နှိုင်းယှဉ်ပါက ၁၃.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ပို့ကုန်လုပ်ငန်းရှင်များက ဖိလစ်ပိုင်သို့တင်ပို့မှုနှေးကွေးခဲ့သော်လည်း ၎င်းတို့သည် သိသာစွာတိုးတက်လာသောဈေးနှုန်းများဖြင့် စာချုပ်သစ်များလက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံနှင့် တောင်အာဖရိကဈေးကွက်များသို့ တိုးချဲ့ နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုလအစောပိုင်းတွင် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်းဆန်‌ဈေးနှုန်း များကျဆင်းမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆန်တင်သွင်းမှု ၂ လပိတ်ပင်ကြောင်း ကြေညာခဲ့ပါသည်။ သို့သော်ဈေးကွက်ကျွမ်းကျင်သူများက အခြားဒေသများတွင်ဝယ်လိုအား ကြီးထွားလာမှု၏ကျေးဇူးကြောင့် စုစုပေါင်းတင်ပို့မှုမှာဆက်လက်မြင့်တက်နိုင်ကြောင်းခန့်မှန်းခဲ့ ကြပါသည်။ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်အတွက် ဗီယက်နမ်၏ စုစုပေါင်းဆန် တင်ပို့မှုကို တန်ချိန် ၈.၂ သန်းကျော်ရန်ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက်ထက် တန်ချိန် ၃၀၀၀၀၀ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အာဖရိကနှင့် တရုတ်ထံမှ ဝယ်လိုအားမြင့်တက်လာ မှုကြောင့် တင်ပို့မှုများမှာ နှစ်ကုန်တွင်မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာ ပင် ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုပိတ်ပင်မှုသည် နိုင်ငံ၏ဝယ်ယူမှုကို တန်ချိန် ၅၀၀၀၀၀ ခန့် လျှော့ကျသွားရန်ခန့်မှန်းရသော်လည်း ယခုနှစ်အတွက် ဖိလစ်ပိုင်၏ဆန်တင်သွင်းမှုသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် တန်ချိန် ၄.၉ သန်း တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရပါ သည်။ ဗီယက်နမ်အစားအစာအသင်း၏ဥက္ကဌဖြစ်သူ Do Ha Nam က ၇ လတာကာလအတွင်း အားကောင်းသည့်ရလဒ်များကြောင့် ယခုနှစ်အတွက် ဆန်တင်ပို့မှုတန်ချိန် ၈ သန်းကိုကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်းနှင့် နိုင်ငံသည် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်လက္ခဏာနှင့် နိုင်ငံတကာဈေးကွက်များတွင် အသိအမှတ်ပြုမှုမြင့်တက်လာမှုကြောင့် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ဆန်တင်ပို့သူအဖြစ်တည်ရှိမှုကို ဆက်လက်ခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)