စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ စားသုံးသူပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို စက်တင်ဘာလ (၁၀)ရက်နေ့၊ နေ့လယ်(၁၅)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘူတာရုံတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ရောင်းချရေးအဖွဲ့ဝင်များ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်၍ စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ပါသည်။
ရောင်းချရာ၌ စားသုံးသူပြည်သူတစ်ဦးလျှင် ဆန်(၁)ပြည်၊ ကြက်ဥ(၅)လုံး၊ စားအုန်းဆီ တစ်ဆယ်သား၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ အားလူး(၂၅)ကျပ်သားတို့ကို (၃၅၀၀)ကျပ်ဖြင့် ရပ်ကွက်နေ ပြည်သူ(၄၀၀)ဦးတို့ကို ရောင်းချပေးခဲ့ကြောင်း၊ ဆက်လက်၍လည်း ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်(၁၀)ခုတွင် ရပ်ကွက်အလိုက် တစ်ပတ်လျှင် နှစ်ရက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် Covid-19ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး Maskများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရောင်းချရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဝယ်ယူနေသည်များကို အဆင်ပြေစေရန် ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့နယ်တာဝန်ခံမှလည်း ရောင်ချရေးအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)