
၂.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားအုန်းဆီဖြန့်ဖြူးရောင်းချ ခြင်းကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ မွန်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက် မွန်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းခြင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော်က အမှာစာများအား ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)