
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါကုန်အညွှန်း အမှတ် အသားပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်း ပခုက္ကူခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ စားသုံး သူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၃) ရပ်ကွက်ရှိ မြေပဲ ဆားလှော်၊ အမှတ်(၄/၁၁)ရပ်ကွက်ရှိ မြေပဲဆုံဆီ လုပ်ငန်းရှင်များအားလည်း ကောင်း၊ ဆိပ်ဖြူမြို့၊ မြို့နယ်တာဝန်ခံမှ ရေလယ်ကျွန်းကျေးရွာရှိ ပဲပူးကြော်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ် တာဝန်ခံမှ ကျောတိုက်ရပ်ကွက်ရှိ အကြော်စုံလုပ်ငန်းရှင်အားလည်းကောင်း အသိပညာပေး ဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပခုက္ကူခရိုင်(၆)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင် တွေ့ဆုံမှု(၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)