Main menu

အင်းစိန်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၄.၉.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဉီးစီးမှူးပါ(၃)ဉီးတို့သည် အင်းစိန်ဈေးအတွင်းရှိ အမှတ်(၁၆၄/၁၆၅)၊ မြေညီထပ်ရှိ ဉီးထွန်းလှစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော လက်လီအရောင်းဆိုင်ပိုင်ရှင် ဉီးထွန်းလှအား သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပေးပြီးရရှိသော စားအုန်းဆီခွဲတမ်းများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျစာအုပ်စနစ်ဖြင့် အလေးချိန်မှန်ကန်စွာ စားသုံးသူများထံသို့ စနစ်တကျဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)