Main menu

“ငရုတ်(စို/ခြောက်) စျေးကွက်အခြေအနေ”

Powered by Drupal

       မိတ္ထီလာခရိုင်အတွင်း ငရုတ်စိုကိုဒေသတွင်းစားသုံးရန် အဓိကစိုက်ပျိုးပြီး ပိုလျှံမှုကို အခြားဒေသများသို့ အနည်းငယ်သာတင်ပို့မှုရှိပါသည်။ငရုတ်စိုကို ခရိုင်အတွင်းမိုးစိုက်အနေနှင့် မိတ္ထီလာမြို့နယ်တွင်  (၂၅၀၀) ဧကကျော် စိုက်ပျိုးကာ တစ်ဧကအထွက်နှုန်း (၄၇၅) ပိဿာကျော် ထွက်ရှိပါသည်။

      ယခုနှစ်တွင် ငရုတ်ခြောက်စျေးမြင့်တက်နေခြင်းကြောင့် ဒေသတွင်း စားသုံးသူများက ငရုတ် အခြောက်အစား ငရုတ်အစိုကို စားသုံးမှုများလာရာ ငရုတ်စိုစျေးမှာလည်း မြင့်တက်လာပါသည်။ ဇူလိုင်၊ သြဂုတ်လများမှစ၍ စျေးနှုန်းမြင့်တက်လာရာ ငရုတ်စို (၁) ပိဿာလျှင် (၂၅၀၀ိ/-၃၀၀၀ိ/-)ထိ မြင့်တက်လာပါသည်။

       ငရုတ်အစိုစျေးကွက်မှာ ဒေသတွင်းသာမက မြဝတီ၊ တရုန်စျေးကွက်များကပါ အဝယ်ရှိကြောင်း သိရသည်။ ယခုအခါ ငရုတ်အစိုကို အစိမ်းထက်အမှည့်ကိုပါ ပိုမိုအဝယ်လိုက်လာခြင်းကြောင့် ဒေသတွင်း ငရုတ်ခြောက်များ စျေးကွက်သို့ စတင်ဝင်ရောက်လာခြင်းကြောင့် ငရုတ်စိုအစိမ်းစျေးမှာ တစ်ပိဿာ (၁၄၀၀ိ/-၁၅၀၀ိ/-) ဖြစ်လာပါသည်။ ငရုတ်စို (အမှည့်)မှာ မြဝတီ၊ တရုတ်နယ်စပ်လမ်းများအပြင် ဒေသတွင်းအခြောက်ခံ စက်ရှိသူများက အဝယ်ရှိသဖြင့် တစ်ပိဿာ (၄၅၀၀ိ/-၅၀၀၀ိ/-) ရှိကြောင်း သိရပါသည်။ ငရုတ်ခြောက်စျေးမှာ တောင်သူရောင်းစျေး တစ်ပိဿာ (၁၅၀၀၀ိ/-၁၆၀၀၀ိ/-) စျေးရှိကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)