
ကယားပြည်နယ်၊လွိုင်ကော်မြို့သီရိမင်္ဂလာဈေးအတွင်းသို့အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် အသား/ငါး ရောင်းချသည့် အရောင်းဆိုင်များနှင့်အခြေခံစားသောက်ကုန်အရောင်းဆိုင်များသို့ကုန်ဈေးနှုန်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အသား/ငါးများ ရောင်းချရာတွင် သန့်ရှင်းသောရောင်းချမှုစနစ်ဖြစ်စေရန် ယင်လုံဇကာများဖြင့် ဖုံးအုပ် ရောင်းချစေရေး၊ ကျန်းမားရေးနှင့် ညီညွှတ်စေရန် လတ်ဆက်သောအသား/ငါးများကိုသာ ရောင်းချစေရေး၊ အသား/ငါးများဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေးနှင့် အသား/ငါးများ ရောင်းချရာတွင် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)