Main menu

မိတ္ထီလာမြို့ပြည်သာယာဈေးရှိခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

         မိတ္ထီလာမြို့ပြည်သာယာဈေးရှိ ခရမ်းခဉ်သီးဈေးကွက်တွင် စက်တင်ဘာလပထမပတ်၌ ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။ ခရမ်းချဉ်သီးကိုဈေးကွက်၌ ဗမာခရမ်းချဉ်သီး၊ တိုင်ထောင်ခရမ်းချဉ်သီး ဟူ၍ရောင်းချသည် ကိုတွေ့ရပါသည်။ ဩဂုတ်လစတုတ္ထပတ်က ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ တိုင်ထောင်ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးရှိခဲ့ရာမှ ယခုတပတ်တွင် ဗမာခရမ်းချဉ်သီးမှာ(၄၀၀၀)ကျပ်၊ တိုင်ထောင်ခရမ်းချဉ်သီးမှာ(၂၀၀၀)ကျပ်ဈေးရှိပါသည်။ မိတ္ထီလာမြို့ပြည်သာယာဈေးရှိ ခရမ်းချဉ်သီးရောင်းချသည့် ဈေးသည်များမှာမြို့မဈေး၊ ဖြိုးဝေဈေးတန်းရှိ ခရမ်းချဉ်သီးပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။ ခရမ်းချဉ်သီးမှာ မိတ္ထီလာမြို့နယ်ရှိ ခရမ်းချဉ်စိုက်ကျေးရွာများမှ ထွက်ရှိနေသောကြောင့် အဝင်များသဖြင့်ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)