
၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် တိုယိုတာဗီယက်နမ်သည် ကားအစီးရေ ၄၁၀၀၀ စီးရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် တိုယိုတာအမှတ်တံဆိပ်မော်တော်ယာဉ် ၅၁၇၁ စီးရောင်းချခဲ့ရပြီး ၁၅၉၃ စီးမှာ ပြည်တွင်း၌ တပ်ဆင်သည့်ကားများဖြစ်ပြီး ၃၅၇၈ စီးမှာ အပြည့် အဝတပ်ဆင်ပြီးပြည်ပမှတင်သွင်းလာသည့်ကားများဖြစ်ကြောင်း သိရပါသည်။ ဈေးကွက်အတွင်း ယာယီနှေးကွေးခဲ့သော်လည်း တိုယိုတာသည် ကွဲပြားသောထုတ်ကုန်အမျိုးအစားနှင့် များစွာသော ကဏ္ဍများတွင် အားကောင်းသောဆွဲဆောင်မှုတို့ကြောင့် ၎င်းတို့၏ကြီးထွားမှုအဟုန်ကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လတွင် Hybrid မော်ဒယ်များရောင်းချရမှုမှာစံချိန်တင် ကြီးထွား အစီးရေ ၇၀၄ စီးရောင်းချခဲ့ရကာ ၂၀၂၄ ခုနှစ် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက ၂ ဆမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် စားသုံးသူများက လောင်စာသက်သာပြီး ကာဗွန်ထုတ်လွှင့်မှု နည်းပါးကာ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သော်မော်တော်ယာဉ်များသို့ အသွင်ကူးပြောင်းမှု မြင့်တက်လာခြင်းကို ပြသနေကြောင်း သိရပါသည်။ ဇိမ်ခံကားကဏ္ဍတွင် Luxus သည်အစီးရေ ၂၃၅ စီးရောင်းချခဲ့ရပြီး ၎င်း၏တည်နေရာကို ထိန်းထားနိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် Luxus ဗီယက်နမ်တွင် စတင်မိတ်ဖက်ပြီးချိန်မှ ယခုအချိန်ထိ အစီးရော ၁၅၀၂၄ စီး ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရပါသည်။ အဓိကထုတ်ကုန်များကြားတွင် Yaris Cross သည် အစီးရေ ၁၀၁၂ စီး ဖြင့် ရောင်းချရမှုတွင် ၎င်း၏ဦးဆောင်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)