မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ပါရှိသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်၌ (၁.၈.၂၀၂၂)မှ (၈.၉.၂၀၂၂) ရက်အတွင်း စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင်(၉၅၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းနီ (၁)တင်း (၁၅)ပိဿာလျှင် (၈၅၀၀၀)ကျပ် နှင့် ယခုအပတ် (၁၂.၉.၂၀၂၂)ရက်နေ့တွင် စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင် (၁၀၁၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၃၀၀၀) ကျပ်၊ နှမ်းနီ(၁)တင်း (၁၅)ပိဿာလျှင်(၈၆၀၀၀)ကျပ်စျေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် စမုံနှမ်းနက် (၁)တင်းလျှင်(၆၀၀၀)ကျပ်၊ ရိုးရိုး နှမ်းပြာ(၁)တင်းလျှင် (၁၀၀၀)ကျပ်၊ နှမ်းနီ(၁)တင်းလျှင် (၁၀၀၀)ကျပ် စျေးမြင့်တက်လျှက်ရှိပြီး တစ်ရက်လျှင် နှမ်းမျိုးစုံ (၁)တင်းခွဲ အိတ်(၁၆၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရပါသည်။
DOCA( မကွေး)