
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာ ယာရေးအဖွဲ့ တို့ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများသည် (၄.၉.၂၀၂၃) ရက်နေ့ နံနက် (၀၉:၄၀) အချိန်က ဓနုဖြူမြို့ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၄)သို့ သွား ရောက်၍ ရောင်းချနေသော အိမ်ရှင်မဆီ ရောင်းချမှုနှင့် အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။
အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသတွင်း အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အိမ်ရှင်မဆီများရောင်းချရာတွင် ဌာန၏ သတ်မှတ်ချက်၊ ညွှန်ကြားချက် စည်းကမ်းများအတိုင်း ရောင်းချရန်၊ စားအုန်းဆီများကို အများပြည်သူသို့ သတ်မှတ်ရက်အတွင်း ဆီထုတ်ယူခွင့်စာအုပ်များဖြင့် သတ်မှတ် အိမ်ထောင်စု အပြည့်ထုတ်ယူနိုင်ရန်၊ ရောင်းချပြီး ဆီစာရင်းများကို နေ့စဉ် ရေးသွင်းပြီးမြို့နယ် ဆီလက်ကားရောင်းချသူကိုယ်စားလှယ်များထံ နေ့စဉ် ပေးပို့နိုင်ရန်ကိုလည်းကောင်း၊ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့် ညီသော ကုန်စည်များ၊ ထောက်ခံချက်ပါရှိသော ကုန်စည်များ၊ ရောနှောဆီဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည့် အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချရန်ကြရန် ကုန်စုံဆိုင်လုပ်ငန်း ရှင်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)