Main menu

တိုင်းရင်းဆေးဝါးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ နယ်တွင်   လိုင်စင်ရ တိုင်းရင်းဆေးဝါး ရောင်းချသည့် ဆေးဆိုင်များသို့ (၃.၉.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ် တိုင်းဆေးပညာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်း ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

     စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်က တိုင်းရင်းဆေး အရောင်းဆိုင်များအား စစ်ဆေးပြီး သုံးစွဲရန်မသင့် တိုင်းရင်းဆေးဝါးများနှင့် ထုတ်လုပ်/ဖြန့်ချိမှု ဖော်ပြထား ခြင်းမရှိသော ဆေးများကိုရောင်းချမှုရှိ/မရှိကို စစ်ဆေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်း ရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည် အမျိုးအစားကို လိုက်၍ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ထောက်ခံချက် မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူ ထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်တိုင်းရင်း ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဆေးကုမ္ပဏီများမှပေးပို့သည့် ဈေးနှုန်းများ အပေါ်  ၅%မှ ၁၀%အထိ အမြတ်တင်ရောင်းချရန်၊ ဆေးများပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။ 

    ပန်းတနော်မြို့ပေါ်တွင် တရားဝင်လိုင်စင်နှင့် တိုင်းရင်းဆေးအရောင်းဆိုင် ၆ဆိုင်ရှိပြီး စည်းကမ်းချက်များနှင့်အညီ ရောင်းချနေကြောင်း၊ ဆေးဆိုင်တိုးချဲ့ ဖွင့်လှစ်ချင်သူများအနေဖြင့် လိုင်စင်ပြုလုပ်ပေးနေကြောင်း၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)