Main menu

မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေသော ပဲသွေးများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၄.၉.၂၀၂၅ ရက်‌နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ မောင်ငံဈေး၊ သံလွင်ဈေး၊ ထားဝယ်စုဈေးနှင့် သာယာအေးဈေးတို့တွင် ရောင်းချနေသော ပဲသွေးများတွင် Formalin ပါဝင်ပြီး စားသုံးရန်မသင့်သောကြောင့် ဖြန့်ဖြူး‌ရောင်းချမှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ ဈေးများတွင် ရောင်းချနေ သောဆိုင်များ၌ ပဲသွေးများကို ၎င်းဆိုင်များအား နောက်နောင်မရောင်းချပါကြောင်း ခံဝန် လက်မှတ်ထိုးခိုင်းပြီး ပဲသွေးများအား သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)