
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပေါက်တန်းလေးကျေးရွာရှိ တောင်သူ ဦးကျော်လင်းအောင် ၏ အပင်သက် ၁၁၅ ရက်ရှိသော GW 11 စပါးမျိုး စိုက်ပျိုးထားသည့် ရေတော်မိုးတော် ၂၃ ဧကတွင် ကောက်စောမိုးစပါးများ စတင် ရိတ်သိမ်းခြင်းကို ဩဂုတ်လ ၂၃ ရက်တွင် စတင် ဆောင်ရွက်လျက်ရှိပါသည်။ မေ(၁၀) ရက်ခန့်က စတင်စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧက ပျမ်းမျှ ကုန်ကျစရိတ် ၆ သိန်းခွဲကျပ်ခန့်ကုန်ကျခဲ့ကြောင်းသိရှိရပါသည်။ ဩဂုတ် (၂၆) ရက်တွင် ၂၃ ဧကလုံး ရိတ်သိမ်းပြီးစီးခဲ့ပြီး တစ်ဧက ပျမ်းမျှ (၇၀) တင်းနှုန်းခန့်ထွက်ရှိ၍ အစိုဓာတ်ရာခိုင်နှုန်း ၃၀-၃၄ ကြားရှိပါသည်။ GW 11 စပါးမျိုးသည် အထွက်ကောင်းစပါးမျိုး ဖြစ်သော်လည်း ဦးကျော်လင်းအောင်၏ လယ်တွင် စပါးဖုံးတုန်းလုံးတုန်းအချိန်၌ မိုးများ၍ အဖုံးအတွင်း မိုးရေ ဝင်ခြင်း၊ ရင့်မှည့်ချိန်တွင် ဖြုတ်ပိုးကျခြင်းတို့ကြောင့် အထွက်နှုန်းအနည်းငယ်ကျဆင်း ရကြောင်း လည်းသိရပါသည်။ ၂၀၂၅ ခုနှစ် ကောက်စောမိုးစပါး ပေါက်ဈေးမှာ ဩဂုတ်လ တတိယ သီတင်း ပတ်တွင် အစိုဓာတ် (၃၀-၃၄) ရာခိုင်နှုန်းနှင့် အလေးချိန် ၅၅ ပေါင် တစ်တင်းလျှင် ကွင်းပေါက်ဈေး ဆယ်သိန်းငါးသောင်းကျပ်ဖြင့် ရောင်းချရပြီး ဟင်္သာတအရောက် အထိုင်ဈေးမှာ ၁၁သိန်းကျပ်ဖြင့် ရောင်းချရ လျက်ရှိကြောင်း ကွင်းဆင်းစုံစမ်းသိရှိ ရပါသည်။
DOCA (ဧရာဝတီ)