Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် စစ်ဆေးရေးအရာရှိနှင့်အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကုန်မှုရှိ/မရှိကို (၈-၉-၂၀၂၅) ရက်နေ့နေ့လည်(၁း၀၀)နာရီအချိန်တွင် အလှကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် အမှတ် (၂၇၉- A)၊ (၂၂) လမ်း၊ အောင်သာယာရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိခရိုင်၊ နေပြည်တော်သို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်း ခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါအခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)