Main menu

စက်တင်ဘာလပထမပတ်ပဲလွန်းပြာစျေးကွက်

Powered by Drupal

   ပဲလွန်းပြာမှာပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပြီးမန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၁၈၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၃၁၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ် လျှင် ပဲလွန်းပြာ ၃၇၀၀၀၀ ကျပ်၊ တစ်ပိဿာစျေး ၆၈၂၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေးနှိုင်းယှဉ်ပါက ပဲလွန်းပြာ စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)