
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။
DOCA (စစ်ကိုင်း)