
ကမ္ဘောဒီးယားနိုင်ငံ ASEAN SOM ခေါင်းဆောင် Kung Phoak နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်အာဖရိကသမ္မတနိုင်ငံ သံအမတ်ကြီး Darkey Ephraim Africa တို့သည် နှစ်နိုင်ငံအကြားအဓိကကျသောကဏ္ဍများ အထူးသဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်အတွက် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ ၅-၉-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်မှ ကမ္ဘောဒီးယားနှင့် တောင်အာဖရိကကြား နွေးထွေးသော ဆက်ဆံရေးကို အလေးပေးပြောကြားခဲ့ပြီး ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ လက်ရှိအခြေအနေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသတွင်းနှင့် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များမှ ကုန်သွယ်မှုအကျိုးများစွာရရှိစေရန် တောင်အာဖရိရှိ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များတွက် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအလားအလာမျာကိုလေ့လာရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)