
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာ အကြီးအကဲ Blake Dawgert က ကမ္ဘောဒီးယားနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် အမေရိကန်အနေဖြင့် ကြိုးစားနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Rath Sarawut က ၅-၉-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် Blake Dawgert ကို နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်များတွင် အမေရိကန်ထုတ်ကုန်များ ပိုမိုတင်သွင်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း Rath Sarawut က ပြောကြားခဲ့သည်။ Blake က နိုင်ငံခြားရေး၀န်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန်ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးမည့် ဦးစားပေးလုပ်ငန်းအများအပြားကို အလေးပေးဖော်ပြခဲ့ပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန်၊ ကုန်သွယ်မှုသဘောတူညီချက်များနှင့် နိုင်ငံတော်၏ ဦးစားပေးကဏ္ဍအချို့တွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုများပြားလာစေရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ပေးခြင်းဖြင့် သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်ဈေးကွက်များကို စူးစမ်းလေ့လာလိုသည့် ကမ္ဘောဒီးယား ကုန်သည်များနှင့် လုပ်ငန်းရှင်များကို အားပေးမည်ဖြစ်ကြောင်း Blake က ဆက်လက်ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရန်အတွက် နှစ်ဖက်စလုံးသည် အလေးပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း MOC မှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)