
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်ထွန်းနှင့်အတူ ၁-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် မအူပင်စားအုန်းဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း လက်ကားလုပ်ငန်းရှင် (၈)ဦး /လက်လီကိုယ်စားလှယ် လုပ်ငန်းရှင် (၁၇၆) ဦးနှင့် ဝန်ထမ်းများနှင့် အခြားသော ဌာနဆိုင်ရာများ (၂၀)ဦးနှင့် စားအုန်းဆီဖြန့်ဖြူရောင်းချမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲကို အခမ်းအနားအစီးအစဉ် ၅ရပ်ဖြင့်ကျင်းပပြီး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားရာ စီးကွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စာအုန်းဆီဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများကို ဥပဒေများနှင့်အညီ ထိန်ကြောင်းဆောင်ရွက်နေပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ဆောင်ရွက်ချက်များကို အချိန်နှင့် တပြေးညီးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုုလို လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံရခြင်းမှာ အသင်းအဖွဲ့များ ဖွဲ့စီးနိုင်ရေး ဥပဒေ စည်မျဉ်းစည်းကမ်းများ အတိုင်း လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သမာသမတ်ကျသော လုပ်ငန်းရှင်တစ်ဦး ဖြစ်ပေါ်စေရန် လိုအပ်ကြောင်း၊ ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူနှင့် လုပ်ငန်းရှင်အခြား မျှတစွာ ဆောင်ရွက်ပေးနေသော ဌာနတစ်ခုဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုအပြည့်အဝကာကွယ်ပေး နေသော ဌာန တစ်ခုဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး ၈ချက်ကို လုပ်ငန်းများသိရှိနိုင်ရန် ရှင်းလင်းခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တို့ ဖွဲ့စည်းထားရှိကြောင်း ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှ နိုင်ငံတော်မှ ထုတ်ပေးသော ဆီများကို သတ်မှတ်ထားသည့် ပြည်သူများထံ လက်ဝယ် မှန်ကန်စွာရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချိုသော လုပ်ငန်းရှင်များက သတ်မှတ်ချက်နှင့်အညီ ထုတ်ပေးသော စားအုန်းဆီများကို သတ်မှတ်နေရာများသို့ မရောက်ရှိကြောင်းကို ဝန်ကြီးထံသို့ သတင်းရရှိသဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှ ဝန်ကြီး၏ လမ်းညွှန်ချက်အရ ယခုလိုမြေပြင်အထိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့် လိုက်နာဆောင်ရွက်ကြရန် မှာကြားလိုကြောင်း လိုက်နာဆောင်ရွက်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံမည်ဖြစ်ကြောင်း၊ ပြည်သူများက မိမိတို့ လစဉ် ရရှိမည့် ဆီများ အပြည့်အဝမရရှိပါက စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှု ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသော Consumer Call Center 1535 ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တက်ရောက်လာသော လုပ်ငန်းရှင်များက တင်ပြစရာရှိပါက ဆွေးနွေးတင်ပြနိုင်ကြောင်းကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်ဒေသကြီးဦးစီးမှူး ဦးဝင်ထွန်းမှ မှာကြားဆွေးနွေးရာ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသော ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မအူပင်ခရီုင် ဥက္ကဌနှင့် ခရိုင်အဆင့် တာဝန်ရှိသူများ၊ တက်ရောက်လာသူ လုပ်ငန်းရှင်များ အားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည်စုံပါစေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကုမ္ပဏီ ၁၄၃ ခုမှ လစဉ် ဆီတန်ချိန် ၆၆၀၀ နီးပါး၊ ဖြန့်ဝေရောင်းချပေးလျက်ရျိပြီး၊ မအူပင်ခရိုင်အနေဖြင့် ကုမ္ပဏီ ၃ခုမှ လစဉ် ဆီတန်ချိန် ၅၈၇ တန်နှင့် လုပ်ငန်းသုံးဆီ ၁၃၀၊ ၁၄၀ ဆန် ရာခိုင်နှုန်း’ ၃၀ရာခိုင်နှုန်းလောက် ရရှိကြောင်း၊ ပြည်သူများကို ဖြန့်ဝေချပေးမှု ဆီများ သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိမှု မရှိခြင်းများ အားနည်းနေကြောင်း သတင်းရရှိ၍ ယခုလို လာရောက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ စားအုန်းဆီခွဲဝေရောင်းချမှု မှန်ကန်စေရေးကို တိုင်းဓေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ARCCI အသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး ဆီလုပ်ငန်းရှင်များက ပုူပေါင်းပါဝင်ဆောင်ရွက်ရန်၊ အသစ်ပနြ်လည်ဖွဲစည်းခြင်းလုပ်ငန်းများကို စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်၍ ညွှန်ကြားချက်များ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ စာအုန်းဆီရောင်းချမှု အနေဖြင့် အိမ်ထောင်စုများ ရာနှုန်းပြည့် ရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းသုံးဆီများ ၇၀ ရာခိုင်းနှုန်းသာရရှိနေပြီး သတ်မှတ်နေရာများ တွင် သတ်မှတ်ပမာဏများအတိုင်း အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိဂုံးချုပ်အနေဖြင့် လုပ်ငန်းသုံးဆီများ မြေပြင်ကွင်းဆင်းပြီး လိုအပ်သော ပမာဏကို အမှန်တကယ်ရရှိရေး ဆောင်ရွက်ဖို့ရ်၊ ဆီဖြန့်ခွဲမှု မှန် ၆မှန်ဖြင့် စတစ်တကျလုပ်ဆောင်ရန်၊ စားအုန်းဆီအရောင်းဆိုင်များမှ သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိကို ကွင်းဆင်းစ်စဆေးခြင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့် ရောင်းချမှု မညီပါက ဥပဒေအရ ထိရောက်စွာ အရေးယးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသွားပြီး တက်ရောက်လာသူများ လိုအပ်ချက်များကို ဆွေးနွေးကြပြီး ဆွေးနွေးပွဲကို ၉နာရီတွင် ရှုပ်သိမ်းခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)