
၁-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် အဖွဲ့သည် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း လိုက်၍ မအူပင်ခရိုင်ဦးစီးမှူးရုံး မှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းနှီးဖော်ရွေစွာ တွေ့ဆုံခဲ့ကြပြီး ၊ ဝန်ထမ်းတစ်ဦးခြင်း မိတ်ဆက်စကားပြောကြားခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်ကောင်းမွန်အောင်ကြိုးစား ဆောင်ရွက်ကြရန်၊ ဌာနက သတ်မှတ်ထားသော ပြိုင်ပွဲမျာကို ရဲဝင့်စွာ ယှဉ်ပြိုင်ကြရန်၊ ကွန်ပျူတာကျွမ်းကျင်ပိုင်နိုင်စွာ ရိုက်တက်ရန်၊ ဝန်ထမ်းကျင့်ဝတ် အပါး ၃၀ကို လိုက်နာကျင့်သုံးနုင်ရန်ကို မှာကြားပြီး ဝန်ထမ်းများ ကျန်းမာရေးအထူးဂရုစိုက်၍ နေထိုင်ကြပါရန်၊ ခရိုင်ရုံးဝန်ထမ်းများက ဂါရဝရှေ့ထား၍ ညွှန်ကြားရေးမှူးချုပ်အား ကန်တော့ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ခရိုင်ဝန်ထမ်းများကို မုန့်ဖိုးပေးဝေခဲ့ပြီး ရင်းနှီးစွာ အမှတ်တရ ဓါတ်ပုံမှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)