
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၃.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက အင်္ဂပူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချနေမူကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချ ခြင်း ရှိ/မရှိ၊ ဆီဝယ်စာအုပ်ဖြင့်ရောင်းချထားမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမူအခြေအနေများ စိစစ်ခြင်း၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင် အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များ တွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင် အတွယ် မှန်ကန်စွာရောင်းချပေးရေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)