Main menu

မအူပင်မြို့နယ် အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား ၅-၉-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက် ရန်လျက်ရှိသော လုပ်ငန်းရှင်များကို ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများက  မြေပြင်ကွင်းဆင်း အတည်ပြုပြီး မှတ်ပုံတင်လျောက်ထားသည့် လုပ်ငန်းရှင်များ မြေပြင်အချက်အလက ်များနှင့်ကိုက်ညီမှု ရှိမရှိနှင့် အွန်လိုင်းမှတ်ပုံတင် လက်မှတ်ထုတ် ယူရရှိနိုင်ရန် မြေပြင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပြီးကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။

     ဆက်လက်၍ Online Sale စနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)နှင့် စပ်လျဉ်း၍ Online Sale & Reg ပြုလုပ်၍ မှတ်ပုံတင်လျှောက်ထားပြီး လက်မှတ်ရရှိပြီးမှ ရောင်းချပါက ခိုင်မာမှုရှိ၍ စားသုံးသူများအနေဖြင့် ယုံကြည်စိတ်ချရမှု ရရှိ လာပြီး လုပ်ငန်းများ ပိုမိုတိုးတက်လာ မည်ဖြစ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မှတ်ပုံတင်ပြီးလုပ်ငန်းများ  ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ကာကွယ်ပေးသွား မည်ဖြစ်ကြောင်း၊  လုပ်ငန်းရှင်များအား ecomreg System အသုံးပြုသူ Member များအနေဖြင့် ecomreg Website အား ဝင်ရောက်ရာတွင် အချက်အလက်များ ပိုမိုလုံခြုံစိတ်ချရမှုရှိစေရန်အတွက် Two Factor Authentication (2FA)တွင် ထည့်သွင်းဆောင်ရွက်ထားပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)