
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစား သောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက် လျက်ရှိပါသည်။
ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရောင်းချသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ၊ ဈေးကွက်အတွင်း အရောင်းအဝယ် သွက်လျက်ရှိပါသည်။ ကြက်ဥများကို ဒေသတွင်း မွေးမြုရေးခြံများမှ အဓိက ဝယ်ယူရောင်းချလျက်ရှိပြီး ညောင်တုန်းမြို့နှင့်ကြိမ်ပင်ဆယ် မြို့တို့မှလည်း မှာယူရောင်းချရကြောင်း၊ ဘဲဥများကို ကျိုက်လတ်ဒေသနှင့် မြောင်းမြ၊ လပ္ပတ္တာဒေသ များမှ မှာယူရောင်းချလျက်ရှိပြီး ဈးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် (၃၈၀၀ ကျပ်)၊ ကြက်ဥ အလုံး အသေး (၁၀)လုံးလျှင် ကျပ်(၃၆၀၀ ကျပ်)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၆၀၀ မှ ၄၈၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင် (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ် လျက်ကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူ ကုန်စုံဆိုင်များမှ သိရှိရပါသည်။
(DOCA ဧရာဝတီ)