Main menu

ညောင်တုန်းမြို့နယ် ပြန်ဆက်ရုံးတွင် ကျောင်းသားလူငယ်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခန်းမတွင် ကျောင်းသားလူငယ် ၃၀ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ၇-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီက အသိပညာပေး ဟောပြောခဲ့သည်။

          ဟောပြောရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောပြီး စားသုံးသူတို့သည် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဆိုသည်မှာ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကို ဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ ကုန်အညွှန်းအမှတ်အသား ဆိုသည်မှာလည်း ကုန်စည် သို့မဟုတ် ကုန်စည် ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်းဖြစ်ကြောင်းတို့ကိုရှင်းလင်းပြီး မိမိတို့ ရွေးချယ်ဝယ်ယူ အသုံးပြုနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်ကိုသာ ရွေးချယ်ဝယ်ယူအသုံးပြု ကြရန်နှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကြောင့် စားသုံးသူ နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံး သူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)