Main menu

ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင် ဥက္ကဌနှင့် တွေ့ဆုံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်စည်ဒိုင် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းတွေ့ဆုံဆွေးနွေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (..၂၀၂၅) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင်အသင်းရုံး သို့သွားရောက်၍ ကုန်စည်ဒိုင်ဥက္ကဌနှင့်တွေဆုံပြီး ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက် စေရေး အတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်ရွှေနှင့် ကုန်စည်ဒိုင်အဖွဲ့ဝင်များအား မဲဇလီကျေးရွာ၊ ဧရာဝတီဆန်စက်ဝန် ကုန်စည် ဒိုင်တွင် သွားရောက်တွေ့ဆုံ၍ ကုန်စည်ဒိုင်များ အသင့်အဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများအကြောင်းဆွေးနွေးခြင်း၊ ကုန်စည်ဒိုင်၏ ကြိုရောင်းကြိုဝယ်ဈေးကွက်အကြောင်း၊ ကုန်စည်ဒိုင်တစ်ခုဖြစ်ပေါ်ရန် အဓိကလိုအပ်ချက်များ အကြောင်း၊ အောင်မြင်သောကုန်စည်ဒိုင်တစ်ခု၏ လည်ပတ်မှုလုပ်ငန်းစနစ်များ အကြောင်း၊ လက်ငင်း ဈေးကွက်ကုန်စည်ဒိုင်စနစ်အကြောင်း တို့ကို မေးမြန်းဆွေးနွေးပြီး ကုန်စည်ဒိုင်၏ ဆန်၊ စပါးရောင်းဝယ်မှု၊ ဆန်ကြိတ်ခွဲတင်ပို့မှုအခြေအနေ၊ ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိ အရောင်းအဝယ် ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေများ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)