ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးနှင့် ရပ်ကွက်ဈေးများတွင် ဒေသထွက် သီးနှံမျိုးစုံရောင်းချလျက်ရှိရာ ခရမ်းသီးများကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိ ရပါသည်။ ခရမ်းသီးသည် နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးကို များစွာအကျိုးပြုစေသည့်အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား (၂) ဆီးချိုရောဂါကိုပါထိန်းချုပ်နိုင်စွမ်းရှိကြောင်း သိရသည်။
ခရမ်းသီးကို ကြော်ချက်ပြီးစားနိုင်သလို၊ မီးဖုတ်ပြီးသုပ်၍လည်းကောင်း၊ ခရမ်းသီးနှပ် အဖြစ်လည်းကောင်း၊ သီးစုံအချဉ်ရည်ဟင်းထဲတွင်ရော၍လည်းကောင်း မျိုးစုံပြုလုပ်စားသုံးနိုင်သည်။ ခရမ်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)