
ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း Super Market, Mini Mart များနှင့် ဆန်ဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းရပ်နှင့် ကန်ဖျားရပ်ရှိ ဆန်အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများနှင့် ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သောစျေး နှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဝင်များဖြင့် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချနေမှုများကိုစစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)