
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် Lim Phanphearak သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ရုရှားနိုင်ငံ၊ Vladivostok မြို့၌ ကျင်းပသည့် 10th Eastern Economic Forum (EEF) တွင် ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြုတက်ရောက်ခဲ့ပြီး အာဆီယံ-ရုရှား မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် နိုင်ငံတော်၏ကတိကဝတ်ကိုများကို အလေးပေး ဖော်ပြခဲ့သည်။ နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် ဒေသတွင်းပေါင်းစည်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့် အဆိုပါပြပွဲ့သို့ အစိုးရအရာရှိများ၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တက်ရောက်သူ ၇,၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။ ရုရှား-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် Phanphearak က ဒေသနှစ်ခုကြား စီးပွားရေး ဆက်ဆံရေး အားကောင်းလာမှုကိုအလေးပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (USD) ၁၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂ ရာခိုင်နှုန်းတိုးလာကာ အာဆီယံအတွက် အဓိကကုန်သွယ်ဖက်အဖြစ် ရုရှား၏ရပ်တည်ချက်ကို ခိုင်မာစေကြောင်း မှတ်ချက်ပြုခဲ့သည်။ ကမ္ဘောဒီးယားသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ၂၀၂၆-၂၀၃၅ ဆိုင်ရာ အာဆီယံ-ရုရှား မဟာဗျူဟာ အစီအစဉ်မူကြမ်းတွင် ကုန်သွယ်မှု ပံ့ပိုးကူညီမှု၊ ရင်းနှီးမြှုပ်နှံမှု အာမခံချက်များ၊ မက်လုံးများနှင့် မက်ခရိုစီးပွားရေး တည်ငြိမ်ရေးတို့ကို မြှင့်တင်ပေးခြင်းဖြင့် ကမ္ဘောဒီးယားတွင် ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း Phanphearak က အလေးအနက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)