
၅-၉-၂၀၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Rex Hotel ၌ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး Huot Hak သည် ဗီယက်နမ်ခရီးသွားလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ NGUYEN Hong Hai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ အဖွဲ့ဝင်များထံမှ အကြံပြုချက်သစ်များနှင့် အဓိကတောင်းဆိုချက်များကိုတင်ပြခဲ့ပြီး နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် တိုးလာရေဂမြှင့်တင်ရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသော ဗီယက်နမ်ခရီးသွားလုပ်ငန်း အဖွဲ့နှင့် အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိကြောင်း ဝန်ကြီး Huot Hak ကပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ ၈ လတွင် ဗီယက်နမ်နှင့် နိုင်ငံတကာဧည့်သည် တစ်သန်းနီးပါးဝင်ရောက်ခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှုကို ရှင်းလင်းပြောကြားခဲ့သည်။ ခရီးသွားလုပ်ငန်း ပိုမိုခိုင်မာလာစေရန် ရည်ရွယ်သည့် အသင်း၏ အဆိုပြုချက်များအား ဝန်ကြီးက ကြိုဆိုခဲ့ပြီး ၎င်းတို့တွင် ကမ္ဘောဒီးယား၏ ခရီးသွားလုပ်ငန်း ကမ်းလှမ်းမှုများကို ပြသရန် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ (Famtrips) များစီစဉ်ခြင်း၊ အပြိုင်အဆိုင် ခရီးစဉ် ပက်ကေ့ဂျ်များ ဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘောဒီးယား ပုဂ္ဂလိကကဏ္ဍနှင့် ပိုမိုနီးကပ်စွာထိတွေ့ဆက်ဆံခြင်း၊ နိုင်ငံ၏ ကြွယ်ဝသောယဉ်ကျေးမှုပိုင်ဆိုင်မှုများ၊ ဗီယက်နမ်နှင့် ကမ္ဘာလှည့်ခရီးသွားများအတွက် ကျော်ကြားသော ဧည့်ဝတ်ပြုမှုတို့ ပါဝင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ နှစ်ဖက်လုံးမှ ဒေသတွင်း ခရီးသွားကဏ္ဍတွင် ရေရှည်တည်တံ့ ခိုင်မြဲသော အကျိုးစီးပွားများ မြှင့်တင်ရန်နှင့် မျှဝေသည့် ရည်မှန်းချက်ဖြင့် "ကမ္ဘောဒီးယား-ဗီယက်နမ် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု" မူဘောင်အောက်တွင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမည့် ကတိကဝတ်များကို အတည်ပြုခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)