Main menu

ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာဈေးနှုန်းများဆက်လက်မြင့်တက်

Powered by Drupal

          ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးပြီး၍ ပထမအကြိမ် ဓါတ်မြေဩဇာကြဲပက်ချိန်ဖြစ်သဖြင့်  ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ ဈေးနှုန်းများဆက်လက် မြင့်တက်နေသော်လည်း  ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ သိရပါသည်။

          ဓါတ်မြေဩဇာဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ လဆန်းပိုင်းတွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၅၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၃၈၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ အာမို၊ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ ပန်းဖူး (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ဖြစ်ပြီး၊ စက်တင်ဘာလ ဒုတိယပတ်တွင် အာမို၊ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၆၈၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ဇာမဏီ  (၁၃:၅:၁၇)(၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ အာမို၊ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပန်းဖူး (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စက်တင်ဘာလ လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေသော်လည်း အရောင်းအဝယ်များ ပုံမှန်ထက်ပို၍ ကောင်းမွန်နေကြောင်း သိရသည်။   

DOCA(စစ်ကိုင်း)