
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ Lucky -7 တံတားနှင့် ကျောက်ဖျာကျေးရွာရှိ OK ဆန်စက်တံတားသို့ ရောက်ရှိလာသော ဆန်လှေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလှေများသည် ဧရာဝတီတိုင်းတွင် ဆန်များဝယ်ယူ၍ရောက်ရှိလာပြီး မြိတ်မြို့ရှိ Lucky -7 တံတားနှင့် OK ဆန်စက်တံတားတွင် ကမ်းကပ်ခဲ့ကြောင်းသိရှိရပါသည်။ Lucky -7 တံတားတွင် အောင်ရတနာသန်းလှေဖြင့် ဆန်တန် (၁၂၅)တန်နှင့် Mv-သန်းတိုးအောင်လှေဖြင့် ဆန်တန်(၂၀၀)တို့ ရောက်ရှိလာပြီး OK ဆန်စက်တံတားတွင် Mv-ရွေလမင်း(၅)လှေဖြင့် ဆန်တန် (၅၅၀)နှင့် Mv ရွေလက်ဝါးလှေဖြင့် ဆန်တန်(၃၀၀) ရောက်ရှိလာကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)