
ဗီယက်နမ်စာတိုက်နှင့် ဆက်သွယ်ရေးနည်းပညာအဖွဲ့ (VNPT) သည် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု တိုးတက်အောင် ဆောင်ရွက်ရာတွင် ထူးခြားသော တီထွင်ဆန်းသစ်မှုများနှင့် ဦးဆောင်မှုများအတွက် “လုပ်သား သူရဲကောင်း” ဘွဲ့ကို ဒုတိယအကြိမ် ချီးမြှင့်ခံခဲ့ရကြောင်းသိရှိရပါသည်။
ဝန်ကြီးချုပ် Phan Minh Chinh သည် ဗီယက်နမ်စာတိုက်နှင့် ဆက်သွယ်ရေးအဖွဲ့ (VZNPL) အားစက်တင်ဘာ ၆ ရက်နေ့တွင် အခြေခံကျသော နည်းပညာများကို သုတေသနပြုကာ ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် ဆိုက်ဘာလုံခြုံရေးကို ခိုင်မာစေရန်အတွက်ဦးဆောင်ကြရန် တောင်းဆိုခဲ့ပါသည်။
VNPT သည် ဗီယက်နမ်တွင်ထုတ်လုပ်သည့် ထုတ်ကုန်များ ဝန်ဆောင်မှုများဖန်တီးရာတွင် နည်းပညာများပံ့ပိုးကူညီပြီး အမျိုးသားဆန်းသစ်တီထွင်မှုကို တက်ကြွစွာ တည်ဆောက်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။
အစိုးရခေါင်းဆောင်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များနှင့်အညီ ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး VNPT သည် ဆိုက်ဘာစစ်ဆင်ရေး တိုက်ခိုက်မှုများကို ကာကွယ်တားဆီးရေးအတွက် အဓိကအင်အားစု ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံသားများ၏ ဒေတာနှင့် အစိုးရအချက်အလက်စနစ်များကို အွန်လိုင်းတွင် လုံခြုံစေရန် ကာကွယ်ရမည်ဟု အလေးအနက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Vietnamplus
DOCA(ရန်ကုန်)