
ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ဧပြီ-ဇွန် သုံးလပတ်အတွင်း နှစ်စဉ် ၂.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၎င်းသည် ကနဦးခန့်မှန်းချက် ၁.၀ ရာခိုင်နှုန်းမှ အထက်သို့ ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက်နေ့ထုတ်ပြန်သည့် အစိုးရ၏ အချက်အလက်များအရ သိရှိရပါသည်။
အဆိုပါ ပြန်လည်ပြင်ဆင်မှုသည် မျှော်မှန်းထားသည်ထက်ပို၍ တစ်ဦးချင်း၏ သုံးစွဲမှုနှင့် တိုးတက်လာသောကုန်ပစ္စည်း စာရင်းအချက်အလက်များကောင်းမွန်လာခြင်းကို ထင်ဟပ်စေခဲ့ပါသည်။
တစ်ဦးချင်းသုံးစွဲမှုသည် GDP ၏ထက်ဝက်ကျော်ရှိပြီး စားသောက်ဆိုင်များတွင် သုံးစွဲမှု၊ ဂိမ်းကစားခြင်း၊ ကိုယ်ပိုင်ကွန်ပျူတာများ ပိုမိုသုံးစွဲမှုတို့ကြောင့် ၀.၂ ရာခိုင်နှုန်းတိုးတက်မှုမှ ၀.၄ ရာခိုင် နှုန်းတိုးတက်မှုအဖြစ် ပြန်လည်ပြင်ဆင်ခဲ့ပါသည်။
ပုဂ္ဂလိက ကုန်ပစ္စည်းစာရင်းများ တိုးတက်မှုမှ ၀.၃ ရာခိုင်နှုန်းလျှော့ချရန် ခန့်မှန်းထားသော်လည်း ၀.၀၄ ရာခိုင်နှုန်းသာလျော့ချရန် ပြင်ဆင်ခဲ့ရပါသည်။ သို့သော်လည်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုသည် ဆောဖ့်ဝဲလ်နှင့်ဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍများတွင် သုံးစွဲမှုအားနည်းခြင်းတို့ကြောင့် ၁.၃ ရာခိုင်နှုန်း တိုးတက်မှုမှ ၀.၆ ရာခိုင်နှုန်းသို့ လျှော့ချရန်ပြင်ဆင်ခဲ့ရပါသည်။ ပို့ကုန်နှင့်သွင်းကုန်များသည် ပြောင်းလဲမှုမရှိဘဲ ပို့ကုန် ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သွင်းကုန် ၀.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ နိုင်ငံ၏ အမှန်တကယ် GDP သည် ငါးနှစ်ဆက်တိုက်အပြုသဘောဆောင်သော တိုးတက်မှုရှိခဲ့ကြောင်း ဝန်ကြီးရုံး၏ ပြောဆိုချက်အရ သိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)