
အမေရိကန်နိုင်ငံ သမ္မတ Donald Trump ၏အစိုးရအဖွဲ့သည် တရုတ်နိုင်ငံသို့ လိုင်စင်မရှိဘဲ ချစ်ပ်ထုတ်လုပ်ရေးကိရိယာများတင်ပို့နေသည့် ထိုင်ဝမ်နိုင်ငံမှအကြီးစား Semiconductor ထုတ်လုပ်သည့် TSMC ၏ လုပ်ပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းခဲ့ပြီး အမေရိကန်နိုင်ငံတွင်း နည်းပညာဝင်ရောက်မှုများကို ကန့်သတ်မှုများပြု လုပ်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် နိုင်ငံခြားလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သူများကို အမေရိကန်နိုင်ငံ ကုန်ပစ္စည်းများတင်ပို့ရန်နှင့် တရုတ်နိုင်ငံတွင် နည်းပညာလိုင်စင်များဖြင့် ချစ်ပ်ဆက်များ ပြုလုပ်ရန်အတွက် ခွင့်ပြုနိုင်မည့် တရားဝင်အသုံးပြုသူ (VEU) စီမံကိန်းကို အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆုံးသတ်ရန်အတွက် ဖြစ်ကြောင်းသိရပါသည်။ TSMC သည် စမတ်ဖုန်းများ၊ Nvidia နှင့် Apple ကုမ္ပဏီများကဲ့သို့ ကုမ္ပဏီကြီးများတွင် အသုံးပြုသော ချစ်ပ်ဆက်များကို ထုတ်လုပ်သည့် ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီကြီးဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါကုမ္ပဏီသည် ၎င်း၏ ထိုင်ဝမ်နိုင်ငံတွင်သာ အဓိကထား၍ ထုတ်လုပ်လျက်ရှိ ကြောင်းသိရပါသည်။ ထိုင်ဝမ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံ ၏ လုပ်ဆောင်မှုသည် စက်ရုံများ၏ အနာဂတ်လည်ပတ်မှုများတွင် အကျိုးသက်ရောက်မှုများဖြစ် စေနိုင်မည်ဟု မျှော်မှန်းကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါဝန်ကြီးဌာနသည် TSMC ၏ Nanjing စက်ရုံသည် ၎င်းတို့စုစုပေါင်းချစ်ပ်ဆက်ထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ် နိုင်ခဲ့ကြောင်း ထောက်ပြခဲ့ပါသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဌာန၏ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုက VEU တွင် မူလပါဝင်သူများသည် ဖက်ဒရယ် မှတ်ပုံတင်ခြင်းတွင် တင်ပို့လိုင်စင် လျှောက်လွှာတင်ရန်နှင့် ခွင့်ပြုမိန့်ရရှိရန်အတွက် ရက်ပေါင်း ၁၂၀ ခန့် အချိန်ရရှိကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါဗျူရိုသည် လိုင်စင်များကို ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို တရုတ်နိုင်ငံအခြေစိုက်စက်ရုံများတွင် ဆက်လက်လည်ပတ်နိုင်ရန် အတွက်သာခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့၏ ထုတ်လုပ်မှုချဲ့ထွင်ရန်နှင့် နည်းပညာအဆင့်မြှင့်တင်ရန်အတွက် လိုင်စင်များကို ထုတ်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)