Main menu

ထားဝယ်မြို့ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး စျေးနှုန်းအခြေအနေများ

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ကြီးများမှ ရောင်းချလျက်ရှိသော ဓါတ်မြေသြဇာစျေးနှုန်းများမှာ စက်တင်ဘာလဒုတိယပတ်အတွင်း မြင်းပျံ၊ အာမို၊ သြဘာအမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ သံကွင်း တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၆၈၀၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ်  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၄၉၀၀) ကျပ်အသီးသီးရှိပြီး ယခင်ပထမအပတ်စျေးနှုန်းများနှင့် နှိုင်း ယှဥ်ပါက တည်ငြိမ်လျက်ရှိပြီး မြန်မာ့သြဘာ သန်ဒါး ၁၀၀ စီစီ ပိုးသတ်ဆေး တစ်ဘူးလျှင် (၁၁၄၀၀)ကျပ်ဖြင့် စက်တင်ဘာလ ပထမအပတ်အတွင်း ရောင်းချလက်ရှိပြီး ယခု ဒုတိယပတ် စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက စျေးနှုန်းအနည်းငယ်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)