
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်နှင့် ငါးခုံးမချဉ် လုပ်ငန်းအား တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး မအူပင်မြို့အခြေပြု စီးပွားဖြစ် ထုတ်လုပ် ရောင်းချ လျက်ရှိသည်။ ငါးဖယ်ချဉ်၊ ပုစွန်ချဉ်များကို အမှတ်တံဆိပ်အသီးသီးဖြင့် ထုတ်လုပ် ရောင်းချ လျက်ရှိပြီး လုပ်ငန်းပေါင်း ၁၂ခုရှိကြောင်းသိရသည်။ ငါးဖယ်ချဉ်၊ ပုစွန်ချဉ်ပြုလုပ်သလို ငါးခုံးမချဉ် ကိုလည်း ပြုလုပ်ကြောင်း၊ ငါးခုံးမချဉ် ပြုလုပ်သူ ကျေးရွာများမှ ၂၀ဦးခန့်ရှိကြောင်း၊ မအူပင် ငါးခုံးမ ချဉ်သည် သန့်ရှင်းလပ်ဆပ်ပြီး ဈေးအတွင်း ဝယ်ယူသူများကို အချိန်ဖြင့် ရောင်းချခြင်းများ သာဖြစ် ကြောင်း သိရ သည်။
ငါးခုံးမချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့် ငါးခုံးမအကောင်သေးအမျိုးအစား ဖြစ်ပြီး မအူပင် တိုးမြစ်အတွင်းမှ ဖမ်းစီးရမိသော ငါးခုံးမငါးကလေးများကိုသာ ကုန်ကြမ်းအဖြစ် အသုံးပြူပြီး ငါးများကို မအူပင်မြို့ရှိ မြစ်ငါး သီးသန့်ရောင်းချသူ များထံမှ ပိဿာလိုက်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ငါးခုံးမချဉ်ထုပ်ပိုးရာတွင် သန့်ရှင်းသော ငှက်ပျောဖတ်ဖြင့် ထုတ်ပြီးအပေါ်မှ ဖျင်ပါးပိတ်စသန့်သန့်ဖြင့် အချဉ် ၃ရက်မှ ၅ရက်ထိ အချဉ်ခံထားသိပ်ပြီး အချိန်ဖြင့် လှီးဖြတ်ရောင်းချကြောင်း သိရသည်။
ငါးခုံးမချဉ် ပြုလုပ်ရာတွင် ငါးခုံးမ ပိသာချိန် ၁၀ ကို ဆန် ၁ပြည်နှင့် ဆား ၁ပိသာသုံးရကြောင်း၊ ငါးခုံးမချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် တစ်ရက်လျှင် ငါးပိဿာချိန် ၁၀ မှ ၅၀ အထိ အသုံးပြု၍ထုတ်လုပ်သည်။ ငါးပိဿာချိန် ၁၀ လျှင် ငါးခုံးမချဉ် ၇ပိဿာ ခန့် ထွက်ရှိကြောင်း၊ ငါးပိဿာချိန် ၁၀ လျှင် ငါးခုံးမချဉ်ထုတ်လုပ်မှုကုန်ကျစရိတ် ၅၅၀၀၀ ခန့်သာ ကုန်ကျကြောင်း၊ စျေးနှုန်းအနေဖြင့် ငါးခုံးမချဉ် ၁၀ ကျပ် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း၊ တစ်ရက်လျှင် ငါးပိဿာချိန် ၁၀ အသုံးပြုရပြီး ငါးချဉ် ထုတ်လုပ်နိုင်ပါက ငွေကျပ် ၅၀၀၀၀ နှင့် ငါးပိဿာချိန် ၅၀ အသုံးပြုရပြီး ငါးချဉ်ထုတ်လုပ်နိုင်ပါက ငွေကျပ် ၂၅၀၀၀၀ အကျိုးအမြတ် ရရှိကြောင်း၊စျေးကွက်အနေဖြင့် ဒေသတွင်းရှိဈေးများ ၊ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်း၊ မြောင်းမြ၊ အိမ်မဲနှင့် ရန်ကုန်မြို့မှ မှာယူပါကလည်း တစ်ပါတ်လျှင် အချိန်၁၀ပါ ငါးခုံးမချဉ် အချိန် ၃၀ တင်ပို့ပြီး တစ်လလျှင် ၁၂၀ ပိဿာ တင်ပို့ပေးရကြောင်း၊ ငါးခုံမ ပေါပေါ များများ ထွက်ရှိချိန်တွင် ရန်ကုန်သို့ ပိဿာ ၂၀၀ နီးပါးမှာယူ၍ တင်ပို့ရပြီး ဝယ်ယူသုံးစွဲမှု မြင့်တက် လျက်ရှိကြောင်း သိရသည်။ DOCA (ဧရာဝတီ)