
(၅.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အ.မ.က ရေတံခွန်ကျောင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူ (၅၁၀) ဦးတို့အား မြို့နယ် ပြန်ဆက်၊ မြို့နယ်မီးသတ်အဖွဲ့များနှင့် အတူစားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့နယ်ပြန်ဆက်မှ တာဝန်ခံသည် လူငယ်နှင့်စာရိတ္တ၊ လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ နယ်မြေမီးသတ်တာဝန်ခံ ဦးဝင်းနိုင်မှ မီးသတ်ဌာန၏ လုပ်ငန်းစဉ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)