Main menu

MSME လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများမြှင့်တင်ရန် လာအို လုပ်ဆောင်

Powered by Drupal

    လူငယ်များကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) စွမ်းရည်များ ပိုမို ဖြည့် ဆည်းပေးနိုင်ရန် ရည်မှန်းချက်နှင့်အညီ လာအိုနိုင်ငံသည် အသေးစား၊ အလတ်စားနှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်နှင့် ဒစ်ဂျစ်တယ်ဆန်း သစ်တီထွင်မှုမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်     ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

    ၂၀၂၃-၂၀၂၅ နှစ်အတွင်း  လာအိုနိုင်ငံရှိ MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင် မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကို ပြန်လည်သုံးသပ်ရန် လာအိုစက်မှု နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစည်းအဝေးခေါ်ယူခဲ့ကြောင်း  အဆိုပါဝန်ကြီးဌာန ၏ စက်တင်ဘာ   ၁၀  ရက်တွင်   ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ သိရသည်။

    အဆိုပါစီမံကိန်းသည်  ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုမှတစ်ဆင့် MSME လုပ်ငန်းများ၊ စွန့်ဦးတီထွင် သူများနှင့် လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်မှုများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည်။ အဆိုပါစီမံကိန်းသည် အလုပ်အကိုင်ပံ့ပိုးပေးရန်၊ စွန့်ဦးတီထွင်နိုင်စွမ်းကို  မြှင့်တင်ပေးရန်နှင့်  အသစ်သစ် သော လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်မှုများ ဖန်တီးခြင်းကိုမြှင့်တင်ပေးရန်အတွက်   တစ်ဦးချင်းစီကို ဒစ်ဂျစ်တယ်နှင့် အိုင်စီတီစွမ်းရည်များ ဖြည့်ဆည်းပေးရန် အာရုံစူးစိုက်လုပ်ဆောင်လျက်ရှိသည်။ အိုင်စီတီနှင့် ဆက်စပ်နည်းပညာများတွင် အဓိကအစိတ်အပိုင်းများအနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေး နှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့လည်း ပါဝင်သည်။

    အဆိုပါစီမံကိန်းသည် စွန့်ဦးတီထွင်မှုဆိုင်ရာစနစ်များ ရင်းနှီးကျွမ်းဝင်ရေးအတွက် အရေးပါသော ခြေလှမ်းလည်းဖြစ်သည်။ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို အားပေးမြှင့်တင်ခြင်းအား ဖြင့် အဆိုပါစီမံကိန်းသည်  ယှဉ်ပြိုင်နိုင်စွမ်းကို   မြှင့်တင်ပေးပြီး   အလုပ်အကိုင်များဖန်တီးပေးကာ  နိုင်ငံ၏  ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ပံ့ပိုးပေးနိုင်ရန် မျှော်လင့်သည်။             

Source: ဆင်ဟွာ                                                                                

DOCA(ပြည်ထောင်စုနယ်မြေ)